Glitter Graphics | http://www.graphicsgrotto.com/ Glitter Graphics | http://www.graphicsgrotto.com/

ဘလော့ဂါဆိုတာဘာလည်း (တဂ်)



ဘလော့ဂါ ဆိုတာ ဘာလည်း ?

What is blogger? ဒီလို ကျွန်တော် Google မှာ ရှာကြည့်တော့ ဘလော့ရေးသူ(A person who writes Weblogs.) မိမိရဲ့ဘလော့ကို အမြဲupdate လုပ်နေသူ(a person who keeps and updates a blog) ဒီလူဟာ blogger ပဲတဲ့ အဖြေက ရှင်းပါတယ် ဒါပေမယ့် ဒီလောက်နဲ့  တော့ တဂ် အတွက်လုံလောက်မယ်မထင်ဘူး ဒီတော့ ကိုယ်ကိုကိုယ်ပြန်မေးတယ် ငါ ဘာလို့ ဘလော့လုပ်ဖြစ်တာလည်း? ပေါ့ ဘာလို့ လုပ်ဖြစ်လည်းဆိုတော့ ကိုယ်သိသလောက်လေးနဲ့ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကိုကြိုးစားလုပ်ကြည့်ချင်ခဲ့တယ် ကိုယ်တတ်သလောက်နဲ့ ကိုယ့်အမြင် ၊ကိုယ် ယုံကြည်ချက်၊ ကိုယ်စိတ်ကူးတွေကို ချပြနိုင်တဲ့ နေရာ ကိုတွေ့ ခဲ့တယ် ဒါဟာ blogger.com ပါ အခမဲ့ရနိုင်တဲ့အရာတွေထဲမှာသိပ် တန်ဖိုးရှိတဲ့နေရာပါ ဘာလို့ ဘလော့ဂါဖြစ်လာကျလည်း ဆက်တွေးတော့ ကိုယ့်ရဲ့စိတ်ဆန္ဒကို (ဖွင့်ဟ) ချပြချင်တဲ့သူ(ကိုယ့်တစ်ယောက်ထဲအာသာပြေယုံဖြစ်ချင်ဖြစ်မယ်၊ သူများပါမျှဝေခံစားနိုင်တဲ့ဟာမျိုးဖြစ်ချင်ဖြစ်မယ်) ဒီလိုလူမျိုးတွေဟာ ဘလော့ဂါ ဖြစ်လာကျတယ်ပေါ့ ကျွန်တော်ဘလော့ စလုပ်ဖြစ်တာကတော့ ကျွန်တော် ကာရာအိုကေ သီချင်းဆိုချင်တယ် ဒီတော့ ကိုယ့်ဟာကိုယ် ကာရာအိုကေ ဆိုလို့ ရနိုင်မယ် နေရာ ကိုယ့်လိုပဲ ကာရာအိုကေ သီချင်းဆိုချင်သူတွေ လွယ်လွယ်ကူကူဆိုနိုင်မယ့်နေရာ ဒီလိုဆိုဒ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်ပြီးလုပ်ခဲ့တယ် ဘလော့ဂါဖြစ်ချင်တဲ့ ဆန္ဒမဟုတ်ပဲ သီချင်းဆိုချင်တဲ့ ဆန္ဒကြောင့် ဘလော့ဂါ တစ်ယောက်ဖြစ်လာခဲ့တယ်ပေါ့ ဒီလိုပဲ ဘလော့ဂါတိုင်းဟာ ကိုယ်ပိုင်ခံစားချက်ကိုယ်စီကြောင့် ဘလော့ဂါ တွေရယ်လို့ မွေးဖွားလာခဲ့ကြတာပါ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊အချစ်ရေး၊အိမ်ထောင်ရေး၊အိမ်တွင်းရေး၊ကျန်းမာရေး၊ ပညာရေး၊အနုပညာ၊သုတ၊ရသ၊ စုံလင်လှတဲ့ဘလော့လှေငယ်လေးတွေ စွဲကိုင်ပြီး ဘလော့ဂါပယ်လယ်ကြီးထဲမှာ ပလုံစီနေအောင် လှော်ခက်သွားနေကြသူတွေပါ ဒီထဲမှာ hacker ဝဲ ကြီးထဲမှာနစ်မြုပ်သွားသူတွေရှိမယ် virus မှုန်တိုင်းတွေကြောင့် မိမိ စက်လေးချို့ ယွင်းပြီး ဦးနှောက်ခြောက်ခဲ့ရသူတွေရှိမယ်၊ ဘလော့လှေငယ်အခြင်းခြင်းတိုက်ခက်မိရင်း စိတ်ဓါတ်ကျ နစ်မြုပ်ရသူတွေရှိမယ် ၊ ခရီးသွားဖော်ဘလော့ဂါအခြင်းခြင်းရိုင်းပင်းကူညီဖေးမကြသူတွေရှိမယ် ဒီလမ်းကသွားဒီလမ်းကမသွားနဲ့ ကျောက်ဆောင် တွေ ရှိမယ်လို့ လမ်းပြမယ့်  နည်းပညာဆိုဒ်ပိုင်ရှင်တွေရှိမယ် ဆိုမာလီပယ်လယ်ဓါးမြတွေလို့  မိမိဘလော့လှေငယ်လေးကိုဘုမသိဘမသိ hacking လုပ်ပြန်ပေးဆွဲခံရချင်ခံရနိုင်မယ် ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘလော့ပင်လယ်ကြီးထဲ ရဲရဲ လှော်ခက် ရင်းမိမိယုံကြည်ရာဆီကို ဦးတည်သွားကျဦးမှာပါ ။ အားလုံးသော ချစ်ခင်လေးစားရတဲ့ ဘလော့ဂါညီအစ်ကို မောင်နှမ များ ဆက်လက် ပြီး ဘလော့ဂင်းနိုင်ကြပါစေ၊နောက်ထပ်များစွာသောဘလော့ဂါတွေဆက်လက်ပေါ်ပေါက်လာပါစေလို့  ဆုတောင်းရင်း တဂ် လိုက်ရပါတယ် ခင်ဗျာ။

ကိုမောင်(စွယ်စုံကျမ်း) အားခင်မင်ခြင်းအားဖြင့် လှိုင်ဘွား(သီချင်းအိမ်)

Glitter Graphics | http://www.graphicsgrotto.com/
picoodle.com